ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံ ဖွံ့ဖြိုးရေးနှင့် သုတေသနဌာနသည် ရန်ကုန်မြို့၏ အရှေ့မြောက်အရပ် ၅၆ ကီလိုမီတာအကွာ ရန်ကုန်-မန္တလေး အဝေးပြေး ကားလမ်းဘေးတွင် တည်ရှိပါသည်။

၁၉၈၆ ခုနှစ်တွင် တည်ထောင်ပါသည်။ ရင်းနှီးမြှုပ်နှံမှုအနေဖြင့် – မြန်မာအစိုးရ ၃၁.၆ဝ ကျပ်သန်း၊ ဂျပန်အစိုးရ ၇၆.၆၅ ကျပ်သန်း(၂၁၉ဝ ယန်းသန်း)၊ စုစုပေါင်း ၁ဝ၈.၂၅ ကျပ်သန်း မြှုပ်နှံခဲ့ပါသည်။
| အသားတင်စိုက်ပျိုးမြေဧရိယာ | ၁၅၅.ဝဝ | ဧက |
| ဟင်းသီးဟင်းရွက် | ၈၅.ဝဝ | ဧက |
| သစ်သီးဝလံ | ၇ဝ.ဝဝ | ဧက |
| မစိုက်ပျိုးနိုင်သောမြေဧရိယာ | ၉၅.ဝဝ | ဧက |
| ရေကန်၊ရေမြောင်း၊ ရေထိန်းတမံ၊ ဂဝံကုန်း | ၄ဝ.ဝဝ | ဧက |
| လမ်း၊ အဆောက်အဦး | ၅၅.ဝဝ | ဧက |
| စုစုပေါင်းမြေဧရိယာ | ၂၅ဝ.ဝဝ | ဧက |
VFRDC တွင်
(၁) စီမံခန့်ခွဲရေးနှင့် ငွေစာရင်း
(၂) ဟင်းသီးဟင်းရွက် သုတေသန
(၃) သစ်သီးဝလံ သုတေသန
(၄) အပင်ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး
(၅) မြေဆီလွှာ သုတေသန
(၆) အပင်တစ်သျှူးမွေးမြူရေး
(၇) မျိုးစေ့ထုတ်လုပ်ရေး
(၈) သီးနှံထုတ်လုပ်ရေး
(၉) လယ်ယာသုံးစက်ကိရိယာ ဌာနစု (၉)ခုဖြင့် ဖွဲ့စည်းထားပါသည်။
VFRDC တွင် ဟင်းသီးဟင်းရွက် သုတေသနလုပ်ငန်း၊ သစ်သီးဝလံ သုတေသန နှင့် အပင်တစ်သျှူးမွေးမြူရေး သုတေသနတို့ ဆောင်ရွက်လျှက်ရှိပါသည်။
ဟင်းသီးဟင်းရွက်သုတေသနလုပ်ငန်း တွင် Germplasm မျိုးစုဆောင်းခြင်း၊ စပ်မျိုးထုတ်လုပ်ခြင်း (မျိုးစပ်ခြင်း)၊ စိုက်ပျိုးမှုနည်းစနစ်များ စမ်းသပ်ခြင်း၊ ထောက်ခံမျိုးစေ့ ထုတ်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
သစ်သီးဝလံသုတေသနလုပ်ငန်း တွင် Germplasm မျိုးစုဆောင်းခြင်း၊ ဒေသနှင့်ကိုက်ညီမှုရှိ/မရှိ စမ်းသပ်ခြင်း၊အကောင်းဆုံးမိခင်ပင်ကို ရွေးချယ်ခြင်း၊ အပင်ကိုင်းကူးကိုင်းဆက်နည်းစနစ်များ၊ စိုက်ပျိုးပြုစုနည်းဆိုင်ရာ နည်းစနစ်များ၊ စံပြကွက်များ တည်ထောင်ခြင်း၊ ရိတ်သိမ်းချိန်နောက်ပိုင်း ကိုင်တွယ်နည်း စနစ်များ လေ့လာခြင်း လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပါသည်။
အပင်တစ်သျှူးမွေးမြူရေးသုတေသနလုပ်ငန်း တွင် ငှက်ပျော၊ နာနတ်၊ ဆီအုန်း၊ ရှားစောင်းလက်ပတ်၊ ဂျင်း၊ လိမ္မော်၊ သရက်၊ စတော်ဘယ်ရီ၊ ဂန္ဓမာ၊ ရွှေဖရုံ၊ ကြက်သွန်နီ၊ ငရုတ်ချို၊ ကြက်သွန်ဖြူ၊ အာလူး စသည့် သီးနှံများကို ဆောင်ရွက်လျှက်ရှိပါသည်။