Plant Protection

ပိုးသတ်ဆေးသုံးစွဲခွင့်၊ ထုတ်လုပ်ခွင့်၊ မှတ်ပုံတင်ခြင်း ဆိုင်ရာ လျှောက်လွှာများ

သဘာဝ အကျိုးပြုပိုးများ (သို့မဟုတ်) တောင်သူမိတ်ဆွေပိုးများ
Benefit Pests

မြန်မာ့တောင်သူ အများစုသည် စိုက်ခင်းထဲတွင် မြင်တွေ့ရသော ပိုးကောင်များကို သီးနှံဖျက်ပိုးဟု ထင်မှတ်ကြသည်။ သို့ပါ၍ သီးနှံဖျက်ပိုးများနှင့် သီးနှံဖျက်ပိုးများ၏ သဘာဝရန်သူများ၊ တစ်နည်းအားဖြင့် တောင်သူ့အကျိုးပြု မိတ်ဆွေပိုး များကို ခွဲခြားသိမြင်ရန် အလွန် အရေးကြီးပါသည်။ တောင်သူအကျိုးပြု မိတ်ဆွေပိုး ဆိုသည်မှာ သီးနှံဖျက်ပိုးများကို စား သောက်ပြီး ရှင်သန်ကြီးထွားနေသော ပိုးမွှားများ ဖြစ်ပါသည်။

ဖျက်ပိုးများ၏ သဘာဝရန်သူများဖြစ်သော တောင်သူအကျိုးပြု မိတ်ဆွေပိုးများကို အောက်ပါအတိုင်း အုပ်စု(၃)ခု ခွဲခြား နိုင်ပါသည်။

(၁) သားရဲကောင် (သို့မဟုတ်) မုဆိုးများ
သားရဲကောင်များသည် မုဆိုးများကဲ့သို့ ဖျက်ပိုးများနှင့်ဥများကို ရှာဖွေစားသောက်ကြပါသည်။ ဖျက်ပိုးတစ်မျိုးတည်းအား သီးခြားရွေးချယ်၍ မစားဘဲ အခြားသော ပိုးကိုလည်း ဖမ်း၍ စားသောက်တတ်ပါသည်။

(၂) ကပ်ပါးပိုးများ
ကပ်ပါးပိုးများသည် ဖျက်ပိုး၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်စားသောက်ပြီး မိမိဘဝ ရှင်သန်ကာ ဖျက်ပိုးကို သေစေနိုင်သော ပိုးကောင်အငယ်ဖြစ်သည်။ ကပ်ပါးပိုးများသည် သားရဲကောင်မုဆိုးများကဲ့သို့မဟုတ်ပါ။ မိမိကပ်ပါးပြုသောဖျက်ပိုးကိုသာ ရွေးချယ် ကပ်ပါးပြုပါသည်။ ကပ်ပါးပြုရာတွင်လည်း ဥအထဲတွင် စားသောက်နေထိုင်သော ကပ်ပါးက တစ်မျိုး၊ ဖျက်ပိုး လောက်ကောင်များသာ မှီခို၍ ကိုယ်ထဲတွင် စားသောက်နေသော ကပ်ပါးက တစ်မျိုး၊ စသည်ဖြင့် သတ်သတ်မှတ်မှတ် ရွေးချယ်၍ သူ့အမျိုးနှင့်သူ ဖျက်ပိုးများကို စား၍ အသက်ရှင် နေထိုင်ကြပါသည်။

(၃) ရောဂါဖြစ်စေသော သက်ရှိများ
လူတို့တွင် ဘက်တီးရီးယား၊ မှိုနှင့် ဗိုင်းရပ်ပိုးတို့ကောင့် ရောဂါဖြစ်စေနိုင်သကဲ့သို့ သီးနှံဖျက်ပိုးများနှင့် ပိုးလောက်ကောင် များ (သဘာဝအားဖြင့်)အား ရောဂါဖြစ်၍ သေစေနိုင်သော သက်ရှိများကို ဆိုလိုခြင်း ဖြစ်ပါသည်။

အထူးသတိပြုရန်
တောင်သူ၏ စိုက်ခင်းထဲတွင် မိမိ၏ အကျိုးစီးပွားကို မထိခိုက်နိုင်သော ဖျက်ပိုးအရေအတွက် အနည်းအကျဉ်းရှိနေခြင်း သည် တောင်သူ့အကျိုးပြု မိတ်ဆွေပိုးများဖြစ်သော သားရဲကောင် မုဆိုးပိုးများ၊ ကပ်ပါးပိုးများနှင့် ရောဂါဖြစ်စေ သက်ရှိ များ ရှင်သန်ရန် အစားအစာ ထောက်ပံ့ထားခြင်းဖြစ်ကြောင်း နားလည် သဘောပေါက်ရန် အလွန်အရေးကြီးပါသည်။

သို့ဖြစ်ပါ၍ တောင်သူ့အကျိုးပြုမိတ်ဆွေပိုးများ ထိန်းသိမ်းစောင့်ရှောက်ရန် ပိုးသတ်ဆေးများ မလိုအပ်ဘဲ ဆေးဖျန်းခြင်းမှ ရှောင်ပါ။ ဆေးဖျန်းခြင်းဖြင့် ဖျက်ပိုးသာမက အကျိုးပြုမိတ်ဆွေပိုးများကို သေစေသည့်အပြင် သဘာဝပတ်ဝန်းကျင်ကိုပါ ညစ်ညမ်း ထိခိုက်မှု ဖြစ်ပေါ်စေပါသည်။

 

အကျိုးပြု သားရဲကောင်များ

benefit_pests_1

benefit_pests_2
benefit_pests_3
benefit_pests_2
benefit_pests_3
benefit_pests_2
benefit_pests_3