About MAS

Introduction

Office Building

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းသည် ပြည်တွင်း စားသုံးမှုနှင့် ပြည်ပပို့ကုန်အတွက် အရေးပါသည့် ဆန်စပါး၊ အစေ့ထုတ်ပြောင်း၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံများ (ငရုတ် ခြောက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး)၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး အတွက် နည်းပညာပြန့်ပွားရေးကို အဓိက တာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်းအဖွဲ့အစည်း ဖြစ်ပါသည်။

နိုင်ငံတော်မှ လမ်းညွှန်ထားသည့် ပန်းတိုင်အထွက်နှုန်းရရှိရန် သတ်မှတ်ထားသည့် စပါး၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကြံနှင့် ဝါ သီးနှံ (၁၀)မျိုးတွင် ကြံနှင့် ဝါသီးနှံများမှအပ ကျန်သီးနှံ(၈)မျိုးကို တာဝန် ယူ ဆောင်ရွက်ရသည့် လုပ်ငန်းအဖွဲ့အစည်း ဖြစ်ပါသည်။